[Unicode]
ဘားကမ့်ဆိုတာ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိချင်းမရှိဘဲ တက်ရောက်လာသူတွေက ပြောလာ တဲ့၊ ပြောချင်တဲ့ အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင် တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။
ဘားကမ့်စီစဉ်သူတွေက တက်ရောက်လာပြီး မိမိပြောလိုတဲ့ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့သူတွေဟာ မိမိတင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲ အတွင်းအစီအစဉ် ကြေငြာသင်ပုန်းမှာ လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်နဲ့ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက်လာသူတွေကို ကူညီပေးဦးမှာ ဖြစ်ပါတယ်။
[Zawgyi]
ဘားကမ့္ဆိုတာ ပံုမွန္ ေဆြးေနြးပြဲ၊ အစည္းအေဝး၊ ေတြ့ဆံုပြဲ စတာေတြလို ျကိုတင္ စီမံထားတဲ့ ေခါင္းစဉ္ေတြ ထားရွိခ်င္းမရွိဘဲ တက္ေရာက္လာသူေတြက ေျပာလာ တဲ့၊ ေျပာခ်င္တဲ့ အေျကာင္းအရာေတြကို တခ်ိန္ထဲ တျပိုင္ထဲ မွာ အမ်ားအျပား တင္ျပ ေပးနိုင္ တဲ့ ေနရာမ်ားစြာကို ဖန္တီးေပးမယ့္ ပြဲတခု ျဖစ္ပါတယ္။ဘားကမ့္စီစဉ္သူေတြက တက္ေရာက္လာျပီး မိမိေျပာလိုတဲ့ေဆြးေနြးလိုတဲ့ အေျကာင္း အရာေတြကို သီးသန့္တင္ျပနိုင္ေအာင္ အခန္းေတြစီမံေပးထားမယ္။ ေျပာလိုတဲ့သူေတြဟာ မိမိတင္ျပေျပာဆိုလိုတဲ့ အေျကာင္းအရာ ေခါင္းစဉ္ေတြကို ပြဲ အတြင္းအစီအစဉ္ ေျကျငာသင္ပုန္းမွာ လြတ္လပ္စြာ လာေရာက္ျပီး မိမိအစီအစဉ္နဲ့ လာကပ္ထားနိုင္တယ္။ အဲဒီသင္ပုန္းမွာေတာ့ စီစဉ္ထားတဲ့ အခန္းနံပတ္ေတြနဲ့ အခ်ိန္ ေတြကို ေဖာ္ျပထားမွာ ျဖစ္ပါတယ္။ ဒီလို လာေရာက္ ကပ္ထားနိုင္ဖို့ ဘားကမ့္ စီစဉ္ သူေတြနဲ့ ကူညီသူေတြက တက္ေရာက္လာသူေတြကို ကူညီေပးဦးမွာ ျဖစ္ပါတယ္။